ကျွန်မ တို့  မြို့ လေးတွင် ဆေးရုံ အပျက်ကြီး တစ်ခုရှိပါသည်။ မြို့ နှင့် လည်းအတန်ငယ် အလှမ်း ဝေးသည်မို့  ၊ နောက်ပြီး ထိုဆေးရုံ ကြီး က အကွေ့ အကောက်များစွာ နှင့်  အခန်းပေါင်းမြောက်မြား စွာဖွဲ့  စည်းထားလျက် ပျော်စရာ အလွန်ကောင်းသည် မို့  ကျွန်မတို့  ကလေးတစ်သိုက်အတွက်တော့  ကစားရာ နေရာ ကောင်းလေးတစ်ခုဖြစ်ခဲ့ သည်...။ သို့ သော် ဆေးရုံ ဘေးပတ်ပတ်လည် ၀န်းကျင်မှာ ဘယ်အဆောက်အဦးမှ မရှိ ၊ လယ်ကွင်းများ သာ ရှိသဖြင့်  တစ်ယောက်နှစ်ယောက် ရှိရုံ မျှနှင့် အုပ်စုတောင့် ပြီဟု ဆိုကာ ဘယ်သူမှ ထို ဆေးရုံကြီး သို့  သွားမကစားရဲ ကြပါ..။အနည်းဆုံးတော့  လေးယောက်လောက်ရှိမှ လွတ်လွတ်ကျွတ်ကျွတ် ပျော်နိုင် ကြပါသည်..။ ကစားဖြစ်ကြသည်..။ ယခုတောင် ထိုဆေးရုံသို့  ကျွန်မတို့ ကလေးတစ်သိုက်သွားမကစားရသည်မှာ ကြာလေပြီ..။ ကြာဆို ထိုဆေးရုံကြီးသို့  နောက်ဆုံးသွားကစားခဲ့  ကြသော ချက်စူတို့  ကလေးတစ်အုပ်မှ အပု တစ်ယောက် လှေကားပေါ်မှ လိမ့် ကျ ကာ အူအတက်ပေါက်သည်ဆိုလား ဘာဆိုလား ( ကျွန်မလည်းရေရေရာရာ မမှတ်မိချင်)...ထိုသို့ ဖြစ်ပြီး အပု ၂ ရက်ခန့်  ဖျား ၊ ကယောင်ကတန်းပြောကာ သေဆုံးသွားသောကြောင့် တည်း။ လူကြီးများက ထိုအချိန်မှ စကာ ကျွန်မတို့ ကို ထိုဆေးရုံသို့  သွားမကစားရန် တားမြစ်လိုက်တော့  သည်..။ ဘာကြောင့် လဲ ဟု ကျွန်မ မေးလျှင် လူကြီးများက ဟဲ့ ..အဲဒီမှာ အရူးတစ်ကောင်လာနေနေတာနော် နင် တို့ ကိုဖမ်းမယ် ဟု ပြောလိုက်..၊ အဲဒီ ဆေးရုံ ပိုင်ရှင်က ပေးမဆော့ တော့ ဘူး ဟု တစ်ခါ တစ်ခါ ပြောလိုက်နှင့်  အဖြေက ရေရေ ရာရာထွက်မလာခဲ့ ..။ ကျွန်မကတော့  လူကြီးများကို မယုံခဲ့ ပါ..။ ဟုတ်သည်လေ..အဖြေက တစ်ယောက်တစ်ပေါက်နဲ့ ..ခြောက်လန့် နေတာ အသိသာကြီးကို..။ ခြောက်တိုင်းကြောက်ရအောင် ကျွန်မ က ကလေးလည်းမဟုတ်တော့ ..။ ၁၂ ပဲရှိနေပြီဟာကို..။ ( လူကြီးမဟုတ် ကလေးမဟုတ်သောကြောင့် လားမသိ..၊ ကစားလျှင်တော့  ကလေး ဟု ကိုယ့် ကိုယ်ကို ကျွန်မပြောတတ်ကာ တခြားနေရမှာတော့  လူကြီးဟု ကျွန်မ သုံးတတ်သည်. ..။ ဤသည်ကို လည်း ကျွန်မဘာသာ ကျွန်မ သိပါသည်..။ ငြိမ်ငြိမ်နေဆိုတော့ လည်း မဟုတ်ပြန်..။ ကလေးများကြားထဲ တွင် ဟေးလားဝါးလား လုပ်နေတော့ လည်း ရှက်သလိုလို..။ သို့ သော်လည်း ပျော်ရင်ပြီးသည်မို့  ကစားမြဲပင်) အမှန်တော့ ထိုဆေးရုံသည် ကျွန်မတို့ အဖို့ ကစားစရာနေရာကောင်းကြီးတစ်ခုပင်..။ အရင် ဆေးရုံ ပိုင်ရှင် က ထို ဆေးရုံကြီးထဲတွင်ရှိသော တန်ဖိုးကြီး အသုံးအဆောင်များသာ ယူဆောင်သွားလျက် ကျန်တာ ဒီ အတိုင်းချန်ခဲ့ သဖြင့်  ကျွန်မတို့ ကလေးတစ်သိုက် ရတနာအရှာထွက်မယ်ဟေ့  ဟု ဆိုကာ ရသမျှ ပစ်စည်း ကောက်ယူတမ်းကစားကြသည်မှာ ပျော်စရာပါ..။ ကျွန်မဆိုလျှင် တစ်ခါက သွေးချိန်သည့်စက်ဆိုလား ဘာဆိုလား အကောင်းကြီးရလိုက်၏။ ကံအလွန်ကောင်းသူဆိုလျှင် ဆေးထိုးအပ်အသစ်များသာမက နားကျပ်များ တောင်ရတတ်သည်...။ ယနေ့ လည်း ကျွန်မထိုအကြောင်း မကျေမချမ်း ကလေးများကို ပြောနေမိ၏။ “ဟဲ့ ..နင်တို့ ပဲ စဉ်းစား ကြည့်လေ..ဟို အပုကောင်က သူ့ ဟာသူ စိန်ပြေးတမ်းကစားရာက လဲပြီးဖျားတာ ကို ငါတို့ က မဆီမဆိုင် မကစားရတော့ ဘူးတဲ့ ..ဟင်း..” ၇ နှစ်ရှိပြီဖြစ်သော လုလု က သူ့ အမေစကားပြန်ပြောရှာပါသည်..။ “ဟို..မေမေပြောတော့ အဲဒီအထဲမှာ သရဲတွေရှိတယ်ဆို..” “ အော်..နင်တို့ ကတော့ လေ..လူကြီးတွေခြောက်တိုင်း ယုံတုန်း..ဒါကြောင့် လည်းနင်တို့ ကို ကလေးကလေးဆိုပြီး ဘာမသွားရ ညာမသွားရ တားမြစ်ခံနေရတာ မဆန်းပါဘူး..ခြောက်တိုင်းမယုံနဲ့  ဟဲ့ ..လုလုရဲ့ ..အေးလေ..နင်တို့  က ကလေးကိုး..ငါကတော့  အကုန်သိနေတာ..ကြီးပြီကိုး..” ကျွန်မ ပြောတာ ကို လိုက်လံပြောင်ပြက်နေသူကတော့  မင်းသန့် ဆိုသည့်ကောင်ပင်..။ အသက်က ၈ နှစ်ပဲရှိသေး..။ ကျွန်မလို သူ့ ထက် ၄ နှစ်တိတိ ကြီးသူကို လေးစားရကောင်းမှန်းမသိ..။ ပြောင်ပျက်ကာနေသည် ထို့ ကြောင့်လည်း
ကျွန်မ မင်းသန့် နှင့် တယ်မတည့်လှ..။ ယခုလည်း ပြောင်ပျက်နေသော်ငြား ကျွန်မပြောနေတာ လိုရင်းမရောက်မှာ စိုးသဖြင့်  မသိဟန်ပြုကာ စကားကိုဆက်ရသည်..။ “ဒီတော့  ငါတို့ လေးယောက် ဒီနေ့  ရတနာ ရှာတမ်းထက်ကစားမယ်..နင်တို့ လိုက်မှာလား ပြော...စုစုပေါင်းလေး ယောက်ရှိတယ်..အုပ်စုလည်းတောင့် တာပဲ. မဆော့ရတာလည်း ကြာပြီ..” ကျွန်မပြောသည် ကို အားလုံးက လိုက်ချင်ကြမှန်းကျွန်မ သိပါသည်..။ သို့ သော် သူတို့ မိဘများ ဆူမည် စိုးသောကြောင့်ထင်သည်။ မည်သူမှ လိုက်မယ်လို့ ထွက်မလာ..။ “ဟဲ့ ..မလိုက်ကြဘူးလား..အေး မလိုက်လည်းနေကြ.. ငါတော့  သွားမှာ.. နင်တို့ သာ ကြောက်နေတုန်း တလောက ဟိုဘက်လမ်းက အောင်အောင်တို့  သွားပြီးလို့ ပြန်လာတာ ငါ့ တောင် လာပြီး ပိုက်ဆံ အိတ်ကြီး ကောက်ရလို့ ဆိုပြီး ကြွားသွားတာ ..ဆေးရုံကနေလေတဲ့ ...၅၀၀ တန် လေးရွက်တောင်ပါတယ်တဲ့ ” ကျွန်မက မျက်လုံးကြီး ပြူးကာ လက်လေးချောင်းထောင်လိုက်တော့  အားလုံးစိတ်ဝင်စားလာ ကြပါတော့သည်..။ ဖြစ်ရမယ်လေ။ဟင်း..ဟင်း..အမှန်တော့ အောင်အောင်တို့မသွား။ ကျွန်မ ဘာသာလုပ်ကြံဖန်တီးလိုက် ရခြင်းပင် ...။ “ ကဲ မလိုက်လည်းနေကြတော့ .. ငါတော့  သွားပြီ” ကျွန်မက မစောင့်ချင်သလို ပြောကာ လှည့်ထွက်
တော့ အားလုံးအော်ဟယ်ဟစ်ဟယ်နှင့်  နောက်က လိုက် လာကြတော့၏။ကျွန်မကတော့ ပြုံးသာနေလိုက်ပါသည်..။ “ အရင်တူတူပုန်းတမ်းကစားမယ်ဟာ...” ကျွန်မပြောသည်ကို ကန့်ကွက်မည့်သူ မည်သူမှ မရှိပါ..။ကတ်ကြေး ..ကျောက်တုံး ..စာရွက် ခုတ်ကြတော့  ကျွန်မ နိုင်သည်..။ လိုက်ရှာရမည့်သူက သန့်ထူး..။ “ တစ်ကနေ ၅၀ ပဲရေမှာနော်..၅၀ ပြည့်ရင် လာမှာပဲ“ သန့်ထူးညစ်သည်ကို မည်သူမှ ဘာမှ ပြန်မပြောအား..။ ၀ုန်း ဒိုင်းကြဲကာ ဆေးရုံ ကြီး အတွင်း သို့ ပြေး ဝင်လာ ခဲ့ ကြကာ ဂျိုကာနေရာများ အသီးသီး ရှာကြ တော့သည်..။ “ ဟဲ့ ..မင်းသန့် ..ငါ့ နောက်လိုက်မလာနဲ့  သွား နင့် ဘာသာနင် ပုန်း..ငါက တစ်ယောက်တည်းပုန်းမှာ..” ကျွန်မနောက်လိုက်လာနေသော မင်းသန့် ကို ဆူငေါက်ပစ်လိုက်ရ၏။ ဟုတ်သည်..အုပ်စုလိုက်ပုန်းလျှင် သူတို့ က အသံမလုံ..။ ချိုးချိုးချွတ်ချွတ်နှင့်  ဆူနေသောကြောင့် မြန်မြန် တွေ့ ကြသည်က များသည်..။ ကျွန်မပြောသောကြောင့် မင်းသန့်  တစ်ဖက်သို့ ချိုး ကွေ့  သွား၏။ ကျွန်မ အခန်းတစ်ခုထဲ သို့ အမြန်အမြန်ပြေးဝင်လိုက်သည်..။ အခန်းက ပြတင်းပေါက်များအလုံ ပိတ်ထား သောကြောင့် မှောင်မဲလျက်ရှိကာ ဖုန်နံ့ များ နှင့် အတူ ကျွန်မ ၀င်ဝင်လိုက်ချင်း တကြွိကြွိ ဆူညံသွား သော ကြွက်သံများကလည်း ပွက်လောရိုက်လျက်ရှိသည်..။ အခန်း၏ အတွင်းပိုင်းသို့ ရောက်မှ ဖြစ်မည် ဟူသောအတွေးကြောင့်  ကျွန်မ ပြေးလာခဲ့ရာ လမ်းတစ်ဝက်တွင် အခန်း၏ အလယ်မှာ ရှိနေပုံရသော အရာတစ်ခု နှင့် ဒုန်းကနဲ ဆောင့်၏။ မအော်အား..မနာအား..သို့ သော်..ထို တိုက်မိသော အရာကို စမ်းကြည့်ရုံနှင့် ကုတင်တစ်ခုမှန်း သိလိုက်ရ၏။ ကုတင်ပေါ်တက်အိပ်ပြီး ပုန်းနေလိုက်ရင် ဟိဟိ သူတို့ ငါ့ ကို ဘယ်မိမလဲ..အတွေးနှင့် အတူ ကုတင်ပေါ် တက် ရန်လက်ဖ၀ါးနှင့်  ကုတင်ကို စမ်းသော်..ဟင်.. လူတစ်ယောက်ပါလား....။ ကျွန်မ ရုတ်တရက်တော့ လန့် ကာ သွား၏။ ကျွန်မ စမ်းမိသည်က လက်ကြီးကိုး..။ ထိုလက်ကြီးက ရင်ဘတ်ပေါ်တင်ထားပုံ ရသည်..။ အေးစက်ကာလည်းနေ၏။သို့ သော်..လုလုလားမသိ ဟူသော အတွေးကြောင့်  လန့်  သွားသည်များ ပျောက်သွားသည်..။ “ ဟဲ့ ..လုလု လား ” ကျွန်မ က လေသံလေးနှင့် မေးလိုက်၏။ပြန်ဖြေသံမကြား...။ ဒီကောင်မလေး တိတ်နေလိုက်တာ ဟင်း ဟင်း..ဒီတစ်ခေါက်တော့  ပုန်းတာ ငြိမ်သားပဲ..။ ကျွန်မ ထိုကုတင် ဘေး တွင်ဒူးထောက်ကာ ငြိမ်နေလိုက်ပါသည်...။ ထိုအချိန်တွင် အပုပ်နံ့ ကြီး တစ်ခု ကို ကျွန်မ ထောင်းကနဲ ရလိုက်ခြင်းပင်..။ ကြွက်များသေသလား မသိပါ..။ “ဟဲ့  နံ တယ်နော်..ကြွက်သေပုပ်စော် ” ကျွန်မပြောသည်ကို လုလု က ဘာမှပြန်ထောက်ခံခြင်းမရှိ။ အေးလေ ငြိမ်ကောင်းနေတာနေမှာပေါ့ ..။ ထိုစဉ် အပြင်ဘက် ခပ်နီးနီးဆီမှ ၀ုန်း..တွေ့ ပြီ...ဘာညာနှင့်  အော်ဟစ်သံကို ကြားလိုက်ရ၏။ ဟယ်...တစ်ယောက်တော့ မိပြီ..။ မင်းသန့် နေမှာပေါ့ ..။ သူပဲ ကျန်တာလေ...။ကျွန်မ နှင့် လုလု က ဒီမှာ ကို..။ ထိုစဉ် အော်သံ တစ်ခု ကိုကြားလိုက်ရ၍ ကျွန်မ ကျောရိုးတစ်လျှောက်..ကြက်သီး များ ဖြန်းကနဲ ထသွား၏။ “မလဲ့ ရေ..လုံအောင်ပုန်း..” ဆိုပါလား...။အဲဒါ....အဲဒါ..လုလုအသံ မဟုတ်လား.....။ဒါ..ဒါ ဆို ဒီကုတင်ပေါ်က ဘယ်သူကြီးလဲ..။ မင်းသန့် လား။ မဖြစ်နိုင်။မင်းသန့် သည် ကျွန်မ နှင့် လမ်းခွဲထွက်သွားသည်..။ ဒီကုတင်ပေါ်က ဘယ်သူကြီးလဲ..။ ကျွန်မ ကြောက်လန့် တကြားဝုန်းကနဲ ပြေးထွက်ကာ တံခါးပေါက်ဆီ သို့မှောင်မှောင်မဲမဲ ကြားမှအော် ဟစ်ရင်း လှမ်းသည်..။ ရုတ်တရက်ကြွက်များ ဆူညံပွက်လောရိုက်ကာ ကျွန်မ ၏ ငါ ဒီမှာ ဟူသော အသံက တစ်ခန်းလုံး ပဲ့ တင်ပြီး မြောက်မြားစွာသော အသံ ကို ဖြစ်ပေါ်သွားစေ၏။အခန်းတံခါးကို ဆွဲ ဖွင့်လိုက် သော ကျွန်မ လက်များ ဆောင့် ပြီး နာကျင်သွားကာ ကျွန်မသာ နောက်သို့ ပြန် ထိုင်ကျသွားသည်..။ ဟင်..တံ..တံခါးကို ဘယ်သူ အပြင်ကနေ လော့ ချလိုက်တာလဲ..။ ကျွန်မ ပိတ်မိနေပြီဆိုသောအသိကြောင့်ရင်အစုံ သည် လှိုက်လှဲ ပြင်းရှလာကာ မွန်းကျပ်လာလျက် ငိုချင်လာ၏။ “ငါ ဒီမှာ...လုလု...ငါ ဒီမှာ...သန့် ထုး..လုလု...ငါ..ငါဒီမှာ ပိတ်မိနေပြီ..လာဖွင့်ပေးပါဦး..လာဖွင့်ပေးပါဦး..ကယ်ပါဦး..” ကျွန်မ နားထင်နားက တစ်ဒုတ်ဒုတ်ဆောင့်ခုန်နေကာ တံခါးများပွင့်လာလေမလား ဟု အော်ဟစ်လျက် တဝုန်းဝုန်းလက်ကိုင်ကိုဆွဲ ဖွင့်နေမိသည်..။ ထိုစဉ် ကုတင်ဘက်နားမှ ထ ထိုင်လာသလို မျိုး အသံ ကိုကြားလိုက်ရတော့ ၏။ ဘုရား...။ ကျွန်မ အသံကို ပိုမို အော်ဟစ် ကျယ်လောင်က လက်သီးဆုပ်ဖြင့် လည်းတဒုန်းဒုန်းထု မိသည်..။ “ငါ ဒီမှာ..ငါဒီမှာ...ကယ်ပါဦး..ကယ်ကြပါဦး...ဒီမှာ.. ပိတ်မိနေပြီ..ပိတ်..မိနေ..ပြီ..ကယ်..ပါ” ရုတ်တရက် ကျွန်မ နောက်ဘက်နားမှ ခြေသံကို ကြားလိုက်ရကာ ကြက်သီးများ ထ လာသည်..။ကျွန်မ တုန်ယင်စွာ အနောက်ကို ဖျတ်ကနဲလှည့်ကြည့်လိုက်မိ၏။ “အားးးးးးးးးးးးးးးးးးးးးး ” ကျွန်မ ကုန်းအော် လိုက်စဉ်မှာ ပင် တံခါးက ၀ုန်းကနဲ ပွင့်  သွားကာ သန့်ထူးနှင့် လုလု တို့ နှစ်ယောက်၏ ပုံများ ပေါ်လာတော့ ၏...။ အလင်းရောင်..အလင်းရောင်..။ ကျွန်မ မြင်ချင်နေသော အလင်းရောင်..။ ကျွန်မ ကုန်းရုန်းထ ကာ အပြင်ဘက်သို့ အငမ်းမရပြေးထွက်မိ၏။တစ်ကိုယ်လုံးလဲ ဖုန်များပေကျံနေကာ တဆတ်ဆတ်တုန်ယင်နေပြီး ငိုပဲ ငိုချင်နေမိသည်..။ “ မိပြီ..မလဲ့  ကို မိပြီ..” ကျွန်မ တုန်ယင်စွာ အားတင်းပြောလိုက်သည်..။ “ပြန်မယ်.အားလုံး ပြန်မယ်..မင်းသန့် ကော ..ဟဲ့ ..မင်းသန့်  ထွက်လာခဲ့..ပြန်မယ်” ငိုသံပါကြီးနှင့် အသံက တုန်ယင်လျက် အော်နေသော ကျွန်မ ကို ကြည့်ကာ လုလုတို့ လည်း ကြောက်ကုန်ပြီလား မသိ..။ မတတ်နိုင်..။ ကျွန်မ သိသည်က ကျွန်မ ဒီထဲကနေ အမြန်ထွက်နိုင်ဖို့ ..။ “ဟဲ့ ..မင်း..သန့် ...အမြန် ထွက်လာတော့ ..မဆော့တော့ဘူး...ပြန်မယ် ..မင်း ..သန့် ..နင်တို့ ကလဲ ဘာလုပ်နေတာလဲ..မြန်မြန်ရှာလေ..” အော်ရင်းဟစ်ရင်း ကျွန်မတို့  ဆေးရုံအတွင်းပိုင်းသို့ ရောက်မှန်းမသိရောက်ခဲ့၏။ ထိုအချိန်တွင် အရှေ့ ဘက်နားလိုလိုမှ သံပုန်းကြီးများ ပြုတ်ကျသံလိုလို ကျွန်မတို့ ကြားလိုက်ရပါတော့သည်..။ “ မင်းသန့်လား...ဟဲ့ ...မင်းသန့် ..ငါတို့  ဒီမှာ...လာ...ပြန်မယ်..မင်း ...သန့်  ” လှိုက်ကနဲ ပျော်မြူးသွားစိတ်နှင့် အတူ ကျွန်မ ထိုအသံ ကြားရာ သို့  အပြေးသွားမိသည်..။ နောက်က ကလေးများပါလာသည် မပါလာသည် ကို စိတ်မ၀င်စားအား...။အ ဓိက က ကျွန်မမင်းသန့် ကို မြန်မြန်တွေ့ ပြီး အပြင်မြန်မြန်ရောက်နိုင်ဖို့ ...။ သို့ သော် အသံ ကြားရာနေရာ သို့ မှန်းဆပြီး ရောက်ခဲ့သော်လည်း နေရာ တိတိကျကျ မရှိကာ ကျွန်မ ဘယ်ရောက်လာခဲ့သည်မသိတော့..။ အနောက်ကို လှည့်ကြည့်တော့ လည်း ဟို နှစ်ယောက်ကပါမလာ..။ ငိုချင်စိတ်သာ ပြင်းပြလာလျက် ကျွန်မ မအော်ရဲတော့ ..။ အော်လျှင် ဟို ကုတင်ပေါ်က အကောင်ကြီး ကျွန်မနေရာ သိပြီး လိုက်လာလျှင်မခက်ပါလား.....။ ကျွန်မ တဖြည်းဖြည်း ပျော့ခွေကျလာကာ ထိုနေရာမှာတင် ငိုနေမိပါသည်..။ အသံမထွက်အောင်လည်း ကျွန်မ ပါးစပ်ကို ပိတ်ကာ ငိုသဖြင့် လည်ချောင်းသည် နင်ကာ နေသည်...။ မျက်ရည်များ စီးကျနေမှုကိုတော့ မတားနိုင်ပါ..။ ထိုအခိုက် ..လုလု နှင့် သန့် ထူးတို့ ၏ အော်ဟစ် ငိုယိုသံနှင့် အတူု ၀ုန်းဝုန်းဒိုင်းဒိုင်း အသံများ ကြားလိုက်ရပြီ ပြန်တိတ်ဆိတ်သွားပြန်သည်..။ ကျွန်မ မျက်ရည်များ စီးကျလာဆဲ...။ ကျွန်မ မသိပါ..။ ကျွန်မ ဘာမှလည်း မလုပ်ပါ..။ ဒီကလေးတွေ ကို ခေါ်လာတာ ကျွန်မ အပြစ်လား ကျွန်မ မသိ..။ ငိုနေမိသည်ကလည်း ကျွန်မ အပြစ်လားမသိ..။ မင်းသန့် ကော ဘယ်ရောက်နေပြီလဲ..။ ကျွန်မ ငိုနေပါသည်..။ ကျွန်မ မသိပါ..။ အင့် ကနဲ ရှိုက်သံ ကလွတ်ကနဲ ထွက်သွားတော့  ကျွန်မ ဆတ်ကနဲ တုန်ယင်သွားရကာ ပါးစပ်ကို လက်နှင့်  တတ်နိုင်သမျှ ဖိကပ်တင်းပိတ်လျက် ပြန်ငိုနေမိပြန်သည်..။ ထို စဉ် ကျွန်မ အနောက်ဘက်မှ ခြေသံ ကို ကြားလိုက်ရတော့ ၏။ ကျွန် မ အနောက်က ဘယ်သူလဲ..။ ကျွန်မ မင်းသန့် ကို ဆူငေါက်ခဲ့ လို့ အဲလို ဖြစ်တာလား..။ သန့် ထူး နဲ့ လုလုကော ဘယ်မှာ လဲ..။အိမ်မှာ နေမှာပေါ့ ..။ဒါဆို ကျွန်မကကော..အခု အိမ်မှာမလား..။ ဟုတ်တယ်လေ..။ ဒါဆို ဘာလို့ ငိုနေတာလဲ..။ အနောက်က ခြေသံ သည် အလွန် နီးလာလေပြီ..။ ဟုတ်တာပေါ့ ..။မငိုပါဘူး...ကျွန်မ မငိုပါဘူး...။ ကျွန်မ က ကြီးပြီ..။ ၁၂ နှစ်တောင်ရှိပြီလေ..။ လုလုတို့ လို ငိုရ မယ့် အရွယ်မှမဟုတ်တော့တာ...။ မငိုဘူး...ကျွန်မ မငိုပါဘူး..။ မငိုပါဘူး..။ ထို စဉ် ..အနောက်ဘက်မှ ခြေ သံ သည် ရပ်တန့်  သွားတော့၏။ ဆေးရုံပျက်ကြီးအတွင်း စိတ်တဇအကျဉ်းထောင်မှ လွတ်လာသော လူနာတစ်ယောက်က ကလေး လေးယောက်ကို အချွန်တစ်ခု နှင့်  ထိုးသတ်ခဲ့ သည် သတင်း သည် သားသမီး ရှိသော မိဘတို့ ကို တစ်လ ခန့်  စိုးရိမ်ပူပန်စေကာ မြို့ ငယ်လေးအတွင်း ဂရိုက်ယက်သွားလေသည်.............။

No comments:
Post a Comment